ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်နဲ့ ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ဒေသခံတိုင်းရင်းသားများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် မြစ်ကြီးနားမြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံရာ မြစ်ဆုံ ရေကာတာစီမံကိန်း တည်ဆောက်မည်ဆိုပါက နိုင်ငံတော် အချုပ်အခြာကို ထိခိုက်လာနိုင်ကြောင်း ဧရာဝတီ သွေးချင်း ကွန်ယက် က ပြောဆိုလိုက်ပါတယ်။