လက်နက်ကြီးကြောင့် မူဆယ်မြို့နယ်အတွင်း နှစ်နှစ်သားအရွယ် ကလေးတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာ ၂၊ ၂၀၁၆ ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲ သည့်အတွက် နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားကလေး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နှင့် တိုက်ပွဲဖြစ်ပွားနေသော အစိုးရ တပ်မတော်မှ ပစ်လိုက်
သည့် လက်နက်ကြီး မူဆယ်ခရိုင်၊ မုန်းကိုးမြို့နယ်ခွဲရှိ ဖောင်းဆိုင်ဒေသ၊ ပူးဝမ်းကျေးရွာအတွင်း ကျရောက်ပေါက် ကွဲခြင်းဖြစ်သည်ဟု ဒေခံတစ်ဦးက သတင်းနှင့် မီဒီယာ ကွန်ရက်သို့ ပြောပြသည်။

“ဒီမနက်ပေါ့နော ၆ နာရီခွဲ လောက်မှာ အစိုးရစစ်ကြောင်းက အမြောက်ကျည် ရွာထဲပစ်ထည့် လိုက်တော့
ရွာထဲက ကလေး ၃ ယောက်ထိတယ်လို့ပြောတယ်။ ကလေး ၃ ယောက်ထဲကနေ တစ်ယောက်ကဆုံးသွားပြီ။
ဆုံးသွားတဲ့ ကလေးလေး နာမည်က သူကအမျိုးသမီးလေးပေါ့ ဇုံးမျှော်လို့ခေါ်တယ် အသက် ၂ နှစ်ကျော်ပဲရှိသေး တယ်လို့ ပြောတယ်။”

ဒဏ်ရာရသော အခြား ကလေးနှစ်ဦးကိုမူ တရုတ်ပြည်အတွင်း ဆေးကုသပေးထားသည်ဟု အဆိုပါ ရွာသားက
ပြောပြသည်။

“ကလေးလေးနှစ်ယောက်က ယောင်္ကျားလေးလို့ပြောတယ် တစ်ယောက်က ဒဏ်ရာကြီး တယ် ဒဏ်ရာကြီးတဲ့ ကလေးလေးကို တရုတ်ပြည် မန်ရှီဆေးရုံမုာ ဆေးကုသနေတယ်။ ဒဏ်ရာသိပ် မပြင်းတဲ့ တစ်ယောက် ကျတော့ ချောင်းကိုင်ဆိုတဲ့ တရုတ်နယ်ခြား ဆေးရုံမှာ ဆေးရုံတင်ထားရ တယ်။ သူကခြေထောက်မှာတော့ ဒဏ်ရာရတာပေါ့ မန်ရှီဆေးရုံ ရောက် သွားတဲ့ တစ်ယောက်က ဗိုက်မှာထိတယ် သူက နည်းနည်းစိုးရိမ်စရာ ရှိတယ်လို့ပြောတယ်။”

ပူးဝမ်းကျေးရွာ အနီးတွင် မြန်မာ့တပ်မတော်မှ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းနှင့် ကချင်လွတ် လပ်ရေးတပ်မတော် KIA/KIO တပ်မဟာ ၆ မှ တပ်ရင်း ၃၆ တို့ ကြားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

တိုက်ပွဲကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံရွာ သားများမှာကျေးရွာ တွင်း နေထိုင်ရန် ခက်ခဲလာသောကြောင့် တရုတ်- မြန်မာနယ်စပ်ရှိ ခလုံ ကျေးရွာသို့ ရွာလုံးကျွတ် ထွက်ပြေး စစ်ရှောင်
နေကြရသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလလယ်မှ လကုန်အထိ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တို့ အကြား
တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်း KIO/KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူး ကြီး နော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပသော ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခွင့်ရခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးရသေးသည့်အ တွက် နောက်တစ်ကြိမ် ကျင်းပပြုလုပ်မည့် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ခွင့်ရရန် မသေချာပဲရှိနေသည်။

မြန်မာတပ်မတော်မှ စစ်မှန်သောငြိမ်းချမ်းရေးကိုလိုလားပါက ယခုပြုလုပ်လျက်ရှိသော ထိုးစစ်များ ကို ရပ်တန့်ပြီး နိုင်ငံရေး
ဆွေးနွေး ပွဲကို ဦးတည်သွားရန်လိုအပ်သည်ဟု KIO/KIA မှ ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းပြီးမှ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုလို့ ရှိရင်တော့ တပ်မတော်ဖက်ကနဲ့လည်း ဒီ ခုလိုမျိုး စစ်ဆင်ရေးကို ရပ်တန့်ပြီးမှ နိုင်ငံရေးဆွေးနွေးတဲ့ ဖက်ကို ဦးတည် သွားမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း ရေး တိုးတက်ဖွံ့ဖြိုး ရေးဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ကိုတော့ ရောက်လာမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ အခုလိုမျိုး တပ်မတော်ဖက်က ဒီ စစ်ဆင်ရေးဆိုတာကို မရပ်ပဲနဲ့ ဆက်တိုက်မယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဆို
တာကလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရ မယ်လို့ကတော့ ကျနော်ကတော့ မထင်မိပါဘူး။”
ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တို့ကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူများအနေဖြင့် သွားလာရန်ခက်ခဲလာခြင်း၊ လုပ်ကိုင်စား သောက်ရန် ခက်ခဲလာခြင်း၊ စစ်ဘေးရှောင်အဖြစ် စစ်ရှောင်စခန်းများတွင်နေထိုင်ကြရပြီး မိမိတို့ နေရပ်သို့ ပြန်ရောက်နေထိုင် ချင်သော်လည်း ပြန်သွား ရန်မဖြစ်နိုင်သေးဟု စစ်ရှောင်များကဆို သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အဖွဲ့သည် မြန်မာ့အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် ၁၇ နှစ် ကြာ အပစ်အခတ်ရပ်
စဲခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။