ထိုးစစ်ရပ်ရန် အဆို ကချင်ပြည်နယ် လွှတ်တော် အတည်မပြု

သတင်းနှင့် မီဒီယာ ကွန်ရက်
စက်တင်ဘာ ၂၉  ရက်၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ် လွှတ်တော်အတွင်း ထိုးစစ်ဆင်ခြင်းများ ရပ်ဆိုင်ရန် အရေးကြီး အဆိုတရပ်ကို တင်သွင်းခဲ့သော်လည်း လွှတ်တော်က မှတ်တမ်းတင်ခြင်းသာ လုပ်ဆောင်ခဲ့သည်။

ပြည်တွင်းစစ်ကို ရှည်ကြာစေမည့် ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း
အစရှိသောအချက်များကို မပြုလုပ်ရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ အစည်းများအား တိုက်တွန်းသည့် အရေးကြီး
အဆိုတစ်ရပ်ကို ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးနော်လီ (ခေါ်)
ဇခေါင်ခမ်းရယ် မှ တင်သွင်းခဲ့သည်။

၎င်းအဆိုကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၆ ခုနှစ် ပထမနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုအဆိုထဲတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မိမိတို့ ညီနောင်တိုင်းရင်း သားအချင်းချင်း
အယူဝါဒကွဲပြားခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒကို ရှေ့တန်းတင်လာကြခြင်း၊ မဟာလူမျိုးကြီးဝါဒပုံစံ
သွင်းလိုခဲ့ကြခြင်း၊ ပင်လုံကတိကဝတ်များကို လိုက်နာရန် ပျက်ကွက် ခဲ့ကြခြင်း၊ ဖက်ဒရယ်စနစ်သည် တိုင်းပြည်ပြို ကွဲရေးစနစ်ဖြစ်သည်ဟု အကြောင်းပြလာခြင်းနှင့် အချို့လူသောပုဂ္ဂိုလ် အချို့သောအဖွဲ့အစည်းများ၏ အတ္တကြီးမားခြင်း စသောအကြောင်းမျိုးမျိုး ကြောင့် ပြည်တွင်းစစ်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါး ခန့်ရှိလာခဲ့ပြီး ကမ္ဘာပေါ်တွင် မိမိတို့ နိုင်ငံအနေဖြင့် ပြည်တွင်းစစ်ဖြစ်ပွားမှုသက်တမ်းအရှည် ကြာဆုံးနဲ့ လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးနိုင် ငံများစားရင်းဝင် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်ဟု ပါရှိသည်။

အဆိုတင်သွင်းရသည့်အကြောင်းအရင်းနဲ့ပတ်သက်ပြီး “ကျနော်တို့ ပြည်သူလူထုတစ် ရပ်လုံးကပြည်တွင်းငြိမ်း
ချမ်းရေးကို တကယ်ကိုလိုလားနေကြတာဖြစ်တယ်။ ဖြစ်တာနဲ့ကို ကျနော်တို့ ဒီ အစိုးရသစ်လက်ထက် ရောက်
လာတဲ့ အချိန်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီးတော့ ဒီပြည်တွင်းငြိမ်းချမ်းရေးညီလာခံကို အားကျိုးမာန်တက် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာ အဲလိုမျိုးလုပ်ဆောင်နေတဲ့အချိန်မှာ ဒီမှာကပြည်
တွင်းစစ်သက်ကိုရှည်စေမယ့် မလိုလားအပ်တဲ့ ပြသာ
နာလေးတွေ ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်တိုက်လိုမျိုးဖြစ်ပေါ်
လာတာတွေ့ရတယ်ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုတစ်ရပ်အနေနဲ့ ဒါတွေကို စိုးရိမ်မကင်း၊ ကြောင်းကြနေတယ်ဖြစ်တဲ့အတွက်ကြောင့် အခုကျနော်တို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ဟာဆိုလို့ ရှိရင် ပြည်သူလူထုရဲ့ဆန္ဒကို ကျနော်တို့ ကဖော်ဆောင်ပေးရတာဖြစ်တယ်အတွက်ကြောင့် အဲဒီအတွက်ကြောင့် တင်သွင်းရတာ ဖြစ်ပါတယ်။” ဟု ဦးနော်လီ( ခေါ်) ဇခေါင်ခမ်းရယ်မှ ပြောသည်။

လက်နက်ကိုင်အဖွဲ့စည်းများအနေဖြင့် ငြိမ်းချမ်းရေးကို ခောတ်အဆက်ဆက် ဆောင်ရွက်ခဲ့သော် လည်း ငြိမ်းချမ်းရေး ကိုရှေ့တန်းမတင်ပဲ မိမိတို့အဖွဲ့အစည်း၏ ဆန္ဒကိုသာရှေ့တန်းတင် လုပ်ဆောင်ခဲ့ကြသည့်အတွက် နွေးဆွေးပွဲပျက်ပြားခဲ့ ရခြင်းဖြစ်သည်ဟု လေ့လာသိရှိရကြောင်း၎င်း အဆိုတွင်ပြောဆိုထားသည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်ကလည်း အဆိုကိုချေပရန်မရှိကြောင်း ထောက်ခံကြောင်းနဲ့ လွှတ်တော်တွင် မှတ်တမ်းတင်ထားပေးရန် တင်ပြခဲ့သည်။

ပြည်သူများခံစားနေရခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ ခံစားနေရခြင်းဖြစ်သည့်အတွက် လွှတ်တော်အတွင်း ထည့်သွင်းဆွေးနွေးသင့်သည့် အဆိုဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းလုပ် ဆောင်ပေးသင့်သည်ဟု တနိုင်း
မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဇော်ဝင်းကလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းအဆိုကို မိမိတို့အနေနဲ့ ထောက်ခံကြောင်း ဦးဇော်ဝင်းမှ ယခုလိုပြောသည်။

“ဒီအဆိုကို ကျနော်တို့ နားဆင်ကြည့်မယ်ဆိုရင် ကျနော်တို့က မြန်မာနိုင်ငံ ပြည်ထောင်စု တပ်မတော်ကိုလည်း ကျနော်တို့က ဖိအားပေးတာမဟုတ်သလို ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းကိုလည်း ဖိအားပေးတာ မဟုတ်တဲ့အတွက် ကျနော်တို့က လိုက်လိုက်လှဲလှဲ ထောက်ခံခြင်းဖြစ်ပါတယ်။” ဟု ဦးဇော်ဝင်းမှပြောသည်။

သို့သော် ၎င်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း အဆုံးအဖြတ်ရယူရန် အဆိုတင်သွင်းသော ကိုယ်စားလှယ် အနေဖြင့် ဆွေးနွေးခဲ့သော်လည်း လွှတ်တော်မှ မှတ်တမ်းတင် ထားရန်သာ အတည်ပြုခဲ့သည်။

ကချင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွှတ်လပ်ရေးတပ်မတော် KIO/KIA တို့ကြား၂၀၁၁ ခုနှစ်မှစ
တင်ကာ ယနေ့အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများသည် မိမိတို့၏နေထိုင်ရာဒေသကို စွှန်ခွာပြီး ဒုက္ခသည်အဖြစ် နေထိုင်လာခဲ့သည်မှာ ၅ နှစ် ကျော်လာခဲ့ပြီဖြစ်သည်။