ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရစစ်တပ်မှ ထိုးစစ်ဆင်နေမှုအား ချက်ချင်းရပ်တန့်ပေးဖို့ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများက အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် စုရုံဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။