ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံတွင် နိုဝင်ဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေး ရှောင်ဒုက္ခသည် ၂၆၀၀ ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရ သည်။
မူဆယ်မြို့ရှိ မဟာဝန်(မြောက်ကျောင်း)၊ ဇေတဝန်ကမ္မဌာန်းကျောင်း၊ အောင်မင်္ဂလာကျောင်း(စွမ်စော်)၊ နမ့်ခွမ်ကျောင်းနှင့် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း တို့တွင် ခိုလှုံနေကြရပြီး အဆိုပါ ဒုက္ခသည်များအား စား ဝတ် နေ ရေး အတွက် လိုအပ်သည်များကို မူဆယ်မြို့မှ ဒေသခံ အာဏာပိုင်များ၊ ရပ်မိရပ်ဖများနှင့် ပရဟိတ လူမှုအဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးနေသည်ဟု သိရသည်။