မုံးကိုးဒေသအတွင်း ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီးခံနေရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၆ ခုနှစ်။ နိုဝင်ဘာလ ၂၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသအတွင်း မြန်မာ့တပ်မတော်နှင့် မြန်မာပြည် မြောက်ပိုင်း မဟာ မိတ် တပ်ပေါင်းစုတို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး မုံးကိုးဗျူဟာကုန်းအနီးရှိ ကျေးရွာ များမှ ဒေသခံများ၏ နေအိမ်များအား မီးရှို့ ဖျက်ဆီးမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

မုံးကိုးမြို့ရှိ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနဲ့ ပတ်သက်ပြီး “ ဒီနေ့တော့ အဲ့ဒီဗျူဟာကုန်းနားက အိမ်တွေ ရွာသားအိမ်တွေကို မီးရှို့တယ်လေ။ အားလုံးနီးပါးပဲ မီးရှို့ပစ်တာ မြန်မာစစ်တပ်က။ ပြီးအခုန လေးပဲ အဲ့နားက ရွာကို လေယာဉ်နဲ့လာပစ်သွားတယ်။ မနေ့ကလည်း တနေကုန်တိုက် ပွဲဖြစ်တယ်။ ဒါပေမယ့် စစ်တပ်က မရသေးဘူး။ ဗျူဟာကုန်းထဲမှာလည်း တပ်ကလူ တွေရှိနေတုန်းလေ။ အဲ့ဒီဗျူ ဟာ ကုန်းတခုပဲ တပ်ပေါင်းစုတွေ မရသေးတာ။ မုံးကိုး နေရာတော်တော်များများက တပ်ပေါင်းစုတွေ နေရာယူထားတယ်။” ဟု နမ့်တောင်း ဒေသခံတစ်ဦးက ပြောသည်။

မြန်မာ့တပ်မတော်နှင့် မြန်မာပြည် မြောက်ပိုင်းတပ်ပေါင်းစုတို့ကြား နေ့တိုင်းဆိုသလို တိုက်ပွဲများ ဖြစ် ပွားနေသည့်အတွက် ဒေသခံများ၏ နေထိုင်စားသောက်ရေး အပြင် သွားရေးလာရေး ခက်ခဲလာသည့် အတွက် ဒေသခံများအနေဖြင့် မသွားရဲမလာရဲဘဲ ရှိနေသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

မုံးကိုးမြို့အား မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုမှ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နေရာတချို့ သိမ်းပိုက်ရ ယူထားပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကုန်လုံးနီးပါးအား ရယူထားနိုင်သည့်အတွက် မြန်မာ့ တပ်မ တော်မှ စစ်ရေးအရ ပိုမိုပြုလုပ်လာသောကြောင့် တိုက်ပွဲပြင်းထန်လာသည်ဟု တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်း အိုက်ကျော်က ပြောသည်။

“အဲမှာ တိုက်ပွဲဖြစ်တော့ အချို့ကို ကျနော်တို့ ရသွားပြီ။ အဲဒီ မုံးကိုးဗျူဟာ ကုန်းလည်း ရသွားတဲ့ အချိန်ကျတော့ သူတို့ထပ်မံပြီးမှ အဲဖက် မှာ စစ်ရေးအရ ဖိပြီးမှ တက်လာတယ်။ တက်နေတဲ့အချိန်မှာ စောစောပြောသလို သူတို့တက်လာတဲ့ အချိန်ကျတော့ တိုက်ပွဲက ပိုပြီးပြင်းထန်တယ်။ ဒီမနက် အစောပိုင်းကတည်းက မုံးကိုးဖက်မှာ တိုက်ပွဲ တော်တော်လေးပြင်းထန်တယ်။ မြန်မာ့ တပ်မတော် ဖက်က အထိနာတယ်လို့ ပြောတယ်။ အထိနာပြီး မှ ဒီမုံးကိုး အရှေ့တောင်ဖက် မုံးကိုးမြို့ရဲ့ အရှေ့ တောင်ဖက် လူနေရပ်ကွက်အတွင်းမှာ သူတို့ သွားပြီးမှ လူထုကို အကာအကွယ်သွား ယူတယ်။ သွား ယူပြီးမှ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့မှ ဆက်ပြီးတော့မှ လိုက်တိုက်တဲ့အချိန်ကျတော့ အခု လူနေအိမ် ကို မီးရှို့တယ်။ မီးရှို့ ပြီးမှ ဆက်ပြီးမှ တိုက်လို့ မရတော့ ဘူး။” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြော သည်။

မုံးကိုးမြို့တွင် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုနဲ့ မြန်မာတပ်မတော်မှ တပ်မ ၉၉ အပြင် ရမခ လက် အောက်ခံ တပ်များဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည် သူများ သေဆုံးမှုများ၊ ဆုံးရှုံးနစ်နာမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်နေပြီး အစိုးတပ်မတော်နှင့် ဌာန ဆိုင်ရာများမှလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု သတင်းမီဒီ ယာများတွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း မုန်းပေါ်ဒေသအတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲကြောင့် မုန်းပေါ်ရှိ ဒေသခံ ပြည်သူများသည် မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေကြရသည် ဟုသိရ သည်။

သို့သော် နမ့်တောင်း ဒေသခံပြည်သူများအနေဖြင့် နမ့်တောင်း နှစ်ခြင်း ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တွင် ခိုလှုံနေကြရပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် ထွက်ပြေး တိမ်းရှောင်ရမည့် အခြေ အနေဖြစ်နေသည်ဟု ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ယနေ့တွင် မုံးကိုး၊ ဖောင်းဆိုင်ဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေ ရာ တော်တော်မျာများတွင် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုနဲ့ မြန်မာတပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်း ရှောင်နေရပြီး မူဆယ်မြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင်လည်း စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက်ခိုလှုံနေကြရသည်ဟု သိရသည်။