အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ
ယနေ့ကျရောက်သည့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ International Migrants Day 2016 အခမ်းအနားအား ထိုင်းနိုင်ငံတွင်းရှိ မြန်မာအလုပ်သမား အဖွဲ့များနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း အလုပ်သမားမဟာမိတ်အဖွဲ့ Northern Labour Network တို့ပူးပေါင်းပြီး အလုပ်သမားနှီးနှောဖလှယ်ပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ချင်းမိုင်တက္ကသိုလ် UNISERV ခန်းမတွင် ကျင်းပခဲ့သည်။