ထိုးစစ်များရပ်တန့်ရေးနှင့် စစ်ဘေးဒုက္ခသည်များ အကူအညီရရှိရေး ဆန္ဒပြ တောင်းဆို
ထိုင်းနိုင်ငံသို့ရောက်ရှိနေကြသည့် ကချင်လူမျိုးများ စုပေါင်းပြီး ကချင်ပြည်နယ်၌ မြန်မာအစိုးရစစ်တပ်မှ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန်နှင့် နှစ်ကျော့ပြန် ဒုက္ခရောက်နေကြသည့် စစ်ဘေးဒုက္ခသည်များအား အကူအညီပေးရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။