ကချင်အမျိုးသားညီလာခံ ပိတ်ပင်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ မနောကွင်းအတွင်းမှ မဂျွယ်ခန်းမတွင် ပြုလုပ်မည့် ကချင်အမျိုးသား ညီလာခံ ပိတ်ပင်ခံရသည်။
မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ ပတ်ပတ်လည်တွင် ရဲတပ်ဖွဲ့မှ လာရောက်ပိတ်ပင်ခဲ့ပြီး ယခုအခါ မနောကွင်း တစ်ခုလုံးအား ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကချင်အမျိုးသား ညီလာခံအား ဖေဖော်ဝါရီ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ၂ ရက်ကြာ ပြုလုပ်ရန် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့မှ ဦးဆောင်ပြီး စီစဉ်ထားခြင်းဖြစ်သည်။