ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။
သတင်းနှင့်မီဒီယာ ကွန်ရက်။
ပိတ်ပင်ခံရသည့် ကချင်အမျိုးသား ညီလာခံအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြို ကချင်အမျိုးသားများ တွေ့ဆုံပွဲအဖြစ် ပြောင်းလဲ ကျင်းပခွင့် ရရှိခဲ့သည် ဟု သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်းမှ မဂျွယ်ခန်းမတွင် ပြုလုပ်ကျင်းပမည့် ပိတ်ပင်ခံရသည့် ကချင်အမျိုးသားညီလာခံအား ယနေ့ ညနေ ၃ နာရီတွင် ပြန်လည်ကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ကချင်တိုင်းရင်းသား အယောက် ၆၀၀ ကျော် ခန့် ပါဝင် တက်ရောက် ဆွေးနွေးနေသည်ဟု သိရသည်။