အပစ်ရပ် ရှမ်းတပ်မတော်နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်

မတ်လ ၈ ရက်၊ ၂၀၁၇။
သတင်းနှင့် မီဒီယာ ကွန်ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် မြန်မာတပ်မတော်တို့ကြား ယမန့်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မတ်လ ၇ ရက်နေ့ ယမန်နေ့က သီပေါမြို့နယ် အုံမုကျေးရွာ အုပ်စုအတွင်းရှိ ရှမ်းပြည်ပြန်လည် ထူ ထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ ရှေတန်းတပ်စခန်းကို မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု (RCSS/SSA) ပြောခွင့်ရပုဂ္ဂိုလ် ဒု-ဗိုလ်မှူးကြီး စိုင်းငင်း မှ သတင်းနှင့်မီဒီယာ ကွန်ရက်သို့ ပြောသည်။

“မနေ့ကပေါ့နော ကျနော်တို့ သီပေါမြို့နယ် အုံမုကျေးရွာအုပ်စု၊ အဲမှာ အဲဒီ တစ်ကြောမှာ ကျနော်တို့ တပ်စခန်းတွေ အများကြီးရှိတယ်။ကျနော်တို့ အခြေပြုထားတဲ့ ရှေ့တန်းတပ်စခန်းတွေပေါ့ဗျား။ ဝင် တိုက်တယ်။ စစချင်း အဝေးကနေ အမြောက်နဲ့လှမ်းထုတယ်။ ပြီးမှ ချီတက်ပြီးမှ ဝင်တိုက်တဲ့ သ ဘောပေါ့ဗျာ။”

ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံ ခမရ ၅၀၂၊ ခလရ ၂၄၂ ပူးပေါင်းတပ်များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ နေ့ခင်း ၂ နာရီမှ ညနေ ၆ နာရီ အချိန်ထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။

တိုက်ပွဲအတွင်း အက်စ်အက်စ်အေဖက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းနှင့် မြန်မာ့တပ်မတော်ဖက်မှ လက်နက်ခဲယမ်း မီးကျောက်များနှင့်အတူ အခြားစစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲသည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အနေဖြင့် ယခုလို တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းပေးရန် JMC ယန္တယား မှတစ်ဆင့် တပ်မတော်နှင့် အစိုးရကို တောင်းဆိုသွားမည်ဟု (RCSS/SSA) မှ ပြောသည်။

မြန်မာ့တပ်မတော်မှ မိမိတို့ တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် NCA စာချုပ်ကို ချိုး ဖောက်ရာရောက်သည့်အပြင် နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုကို ပျက်ပြားစေပြီး ယခု တည်ဆောက် နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေသည် ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောသည်။

“အခုလို ကျနော်တို့ဖက်ကို စပြီးဝင်တိုက်တယ်ဆိုတာ အစိုးရတပ်မတော်ဖက်က NCA ကို ချိုးဖောက် ရာ ရောက်တာပေါ့။ နောက်အဲလို လုပ်တဲ့အတွက်လည်း နှစ်ဦးနှစ်ဖက်ကြားမှာ ရှိတဲ့ ယုံကြည်မှုကို လည်း ပျက်ပြားစေတာပေါ့။ အားလုံးသိတဲ့အတိုင်းပဲ မကြာခင်မှာ ကျနော်တို့ ဒုတိယ ပင်လုံကို စလုပ် မယ် ဆိုတဲ့ အဲလိုကာလမျိုးမှာ ဒီလို လာရောက်တိုက်ခိုက်တယ်ဆိုတာတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အ နှောက်အယှက် အဟန့်အတားတွေ ဖြစ်စေတယ်။ ပြောရမယ်ဆိုရင် အခုကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်က နည်းနည်း ဘက်လုပ် သဘောမျိုး ဖြစ်နေတဲ့အချိန်ကာလမှာ ဒီလိုဝင်တိုက်တယ်ဆိုတာက မကောင်းဘူးပေါ့ှဗျား။ ခုနက ကျနော်ပြောသလို NCA မထိုးတဲ့ အဖွဲ့တွေကလည်း ဒီအပေါ်မှာ သူတို့ က ဒေါက်ထောက် ကြည့် နေတာကိုး ခုလို ကျနောတို့ NCA  ထိုးထားပြီးသား တဲ့အဖွဲ့တွေ ကိုတောင် မှ ဝင်တိုက်တယ်ဆိုတာ မထိုးတဲ့အဖွဲ့တွေအတွက် ဒီ NCA ကို ထိုးဖို့ဆိုတာ နည်းနည်း စဉ်းစားစရာ အချက်လေးတွေကို ဖြစ်ပေါ် စေမှာပဲလို့ပဲ ကျနော်တို့ မြင်ပါတယ်။”  ဟု ဒု-ဗိုလ်မှူးကြီးစိုင်းငင်းမှပြော သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် နောက်ပိုင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် မြန်မာ့ တပ်မတော်တို့ အကြား တစ်နှစ်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ကျော်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂၀၁၅ ခုနှစ်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/ SSA) သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမို ကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအို့ဝ် အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့များနှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့သည်။