ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရောက်ရှိနေသော အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် မှ အငြိမ်းစား ဒုဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ဦးဆောင်သော အဖွဲ့ နှင့် NCA အပစ်ရပ် အဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ အကြံပေး ဦးဟန်ညောင်ဝေ၊ ပြည်ထောင်စု သိပ္ပံ PI အဖွဲ့မှ စီမံကိန်း ဒါရိုကတာ ဦးခွန်ဆိုင်း နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ အကြံပေး ပုဂ္ဂိုလ် ဗိုလ်မှူးကြီး တူးတူးလေး တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးနေစဉ်။

အစိုးရ နှင့် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်စို့နေမှုများ ကျော်လွှားနိုင်ရေးအတွက် နည်းလမ်းရှာ အမြင်ဖလှယ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။ (၁၇၊၁၁၊၂၀၁၈)