ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အဓိက ပင်မဖြစ်သော NCA အကောင် အထည်ဖော်မှု တွင် မတူညီသည့် အဓိပ္ပါယ်ဖွင့်ဆိုမှုများကြောင့် တစ်စို့နေမှု ကြုံတွေ့နေရသော အခြေခံ အကြောင်းအချက်များအပေါ် မူတည်၍ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ၃ နာရီကြာ ဆွေးနွေးခဲ့ကြပြီး ထိုတွေ့ဆုံပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ဦးဆောင်၍ ဗိုလ်မူးကြီး တူးတူးလေး၊ ပဒိုစောဆဲဂေး ၊ ပဒိုစောစတီ၊ နော်အယ်သူဟဲ၊ တို့ တက်ရောက်ခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့မှ အငြိမ်းစား ဒုဗိုလ်ချူပ်ကြီးဟောင်း ဦးခင်ဇော်ဦး ခေါင်းဆောင်၍ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။