သွေးချင်းတို့ရဲ့ ပွဲတော်ဆီ Myanmar Ethnics Culture Fest
ဂုဏ်ယူစရာကိစ္စမို့ အများသိအောင် မျှဝေလိုက်ပါ 👏👏👏
တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမတွေရဲ့ ယဉ်ကျေးမှုရိုးရာဓလေ့၊ စည်းလုံးညီညွတ်မှု၊ နေထိုင်မှုပုံစံနဲ့ ရိုးရာထုတ်ကုန် ကို ပြသ သွားမယ့် ပွဲတော်ကြီးကို တခမ်းတနား ပြင်ဆင်ထားတဲ့ အကြောင်း ကြည့်လိုက်ပါဦး
🏰🏰🏰
ဝင်လိုက်ပြီဆိုတာနဲ့ ခံ့ညားထည်ဝါမှုကို ခံစားရမယ့် အမိုးခုံးက နေ စလို့ တိုင်းရင်းသားရိုးရာထုတ်ကုန်နဲ့ အရောင်းပြခန်းတွေ၊ Night Market ဆိုင်ခန်းတွေ ၊ ကိုယ့်ထုတ်ကုန်ကို ခမ်းနားထည်ဝါစွာ ပြသနိုင်မယ့် exhibition booth ၊ အခြားကုန်စည်ပြပွဲ၊ အလှဓာတ်ပုံ ရိုက်နိုင်မယ့် outdoor photo booth ၊ ကလေးလူကြီးမရွေးအတွက် ပျော်စရာကောင်းစေမယ့် ချားရဟတ်အမျိုးအစား အစုံအလင်နဲ့ ကစားကွင်းကြီး၊ အစားအသောက်ဆိုင်ခန်းများနဲ့ ကျယ်ဝန်းတဲ့ ကားပါကင်တို့လည်း ပါဝင်မှာပါ
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်ဆိုရင် ☎09 44 569 1177 ၊ 09 44 569 1188 တို့ကို ဆက်သွယ်နိုင်ပါတယ်။
🎼🎼🎼
ပွဲ အပြင်အဆင်တွေသာ ခမ်းနားတာ မဟုတ်သေးပါဘူး။ တိုင်းရင်းသားအလှမယ်ရွေးချယ်ပြီး ငွေကျပ်သိန်းတရာနဲ့ ရှစ်ပါးရတနာ သရဖူ အပါအဝင် အခြားဆုတွေ ပေးအပ်သွားမယ့် Miss Ethnic Myanmar ရွေးချယ်ပွဲ၊ နိုင်ငံကျော် တိုင်းရင်းသားအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု၊ တိုင်းရင်းသားတွေရဲ့ အကအလှနဲ့ အနုပညာတွေကို ဖော်ထုတ်ပြသသွားမှာပါ။
ပွဲကျင်းပသွားမယ့် အစီအစဉ်တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
ရက်စွဲ ။ ။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၊ ၂၅ ရက်မှ ၃၀ ရက် အထိ
အချိန် ။ ။ မနက် ၁၁ နာရီမှ ည ၁၁ နာရီ
နေရာ ။ ။ ကျိုက္ကဆံကွင်း
ဝင်ကြေး ။ ။ အခမဲ့
မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို ဖော်ပြနေမယ့် ပွဲတော်ကြီးမို့ အားလုံးအတွက် ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပါပဲ။ ဒါကြောင့် ဒီဗီဒီယိုလေးကို အားလုံး သိအောင်မျှဝေပြီး အမိမြန်မာပြည်ရဲ့ ဂုဏ်ကို မြှင့်တင်လိုက်ပါ 👏👏👏
ပြည်သူလူထုများ အားလုံးအားလုံး သိရှိလာပြီး ပူပေါင်းပါဝင်စေနိုင်ဖို့အတွက် သင့်ရဲ့ ဖြန့်ဝေပေးမှုအတွက် တိုင်းရင်းသားအားလုံးမှ ကျေးဇူးတင်လျက်ရှိနေမှာပါ
🙏🙏🙏
#သွေးချင်းတို့ရဲ့ပွဲတော်ဆီ
#MyanmarEthnicsCultureFest