ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း(၁)
ငြိမ်းချမ်းရေး အတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက အခက်အခဲတွေက ဘာတွေလဲ။ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့ ဘာတွေကို ကျော်လွှားသွားဖို့ လိုသလဲ ဆိုတာ တင်ပြသွားမှာပါ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အခက်အခဲတွေရှိနေတယ်လို့ ပြောကြပါတယ်။
“လောလောဆယ် အကြပ်အတည်းက စိန်ခေါ်မှုက ၅ ခု သွားတွေ့ရ တယ် လက်ရှိအချိန်မှာ တစ်ခုကတော့ ခွဲမထွက်ရေး ကတိကဝတ်ပေးရေးပေါ့။ ပြည်နယ်များ ဒီဖွဲ့စည်းပုံထဲက ခွဲမထွက်ဖို့ ကတိကဝတ်ပေးရမယ်ဆိုတဲ့အချက် ဒါနဲ့ ပတ်သက်ပြီးကွဲလွဲမှုရှိတယ်။ ဒုတိ ယအနေနဲ့ တစ်ခုတည်း သော တပ်မတော်နဲ့ ပတ်သက်ပြီးတော့ အဓိပ္ပာယ်ဖွင့် ဆိုချက်က အစိုးရရယ် တပ်ရယ် EAO တွေကြားထဲမှာ ကွဲလွဲမှုရှိတာ တွေ့ရတယ်။ တတိယအချက်အနေနဲ့ ပြောမယ်ဆိုရင် တပ်က ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို တစ်ဖြတ်ဖြတ်ဖို့ စဉ်းစားထားတယ်။ အဲလို ဖြတ်တဲ့ နေရာမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မတချို့ကို ပြင်ပြီးတော့ သွားမယ်လို့ စဉ်းစားထားတယ် အဲဒီအချိန်မှာ အစိုးရဖက်ကလည်း ဒီလိုတစ်ဆင့်ချင်းသွားဖို့ ဒီဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတချို့ကို လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့အချက်တွေကို ပြင်ပြီးတော့ တစ်ဆင့်ချင်း သွားဖို့ကို အစိုးရဖက်ကလည်း သ ဘောတူ ထားတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဒါကို လက်ခံနိုင်လား လက်မခံနိုင်ဘူးလား ကျော်လွှားရမယ့် အချက်တစ်ချက် ဖြစ်တယ်။ စတုတ္ထ အချက်ကတော့ ခုနပြောတဲ့ RCSS တို့ KNU တို့နဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားနေတဲ့ အခြေအနေဟာ ဖြေရှင်းဖို့ လိုအပ်တဲ့ တစ်ချက်ဖြစ်တယ်။ နောက်နံပါတ် ၅ ချက်ကတော့ ခုနက မေးတဲ့အထဲမှာပါတဲ့ မြောက်ပိုင်း မဟာ မိတ်အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ပါလာဖို့ဟာ ပြသာနာတစ်ခုဖြစ်တယ်” ဦးမောင်မောင်စိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ)
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။