ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၃ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် တည်ဆောက်နေတဲ့ အထက်ရဲရွာ ရေကာတာ စီမံကိန်းကြောင့် ကျောက်မဲမြို့နယ်ထဲက ဒေသခံတွေရဲ့ မြေယာစိုက်ခင်းတွေအပြင် သီပေါမြို့နယ် တာလုံကျေးရွာနဲ့ ရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ရေအောက်နစ်မြှုပ်မယ့် အခြေအနေ ရှိနေတယ်လို့ ဆိုကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် နှင့် ဒေသခံတွေရဲ့ သဘောထားတွေကို တွေ့ဆုံမေးမြန်းထားပြီး ဒီတစ်ပတ် အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

“သူတို့လျော်ကြေးဘယ်လောက်ပေးပေး အိမ်ဘယ်လောက်ပဲ ဆောက်ပေးဆောက်ပေး၊ ကားတွေပေးပေး၊ ပိုက် ဆံဘယ်လောက်ပဲပေးပေး ကျနေ်ာတို့က မလိုချင်ဘူး။ အခုနေနေတဲ့ အတိုင်းအတာပဲ နေချင်တာ။ ဘာဖြစ်လို့လဲဆိုရင် ပိုက်ဆံက ကုန်တတ်တာပေါ့နော်။ တစ်နှစ် ကျမတို့သုံးတာက ရှစ်ဆယ်လောက်ကုန် တာပေါ့နော်။ မိသားစုလေးငါးယောက်ပဲ တစ်နှစ်စာ သိန်းရှစ်ဆယ်ကုန်တယ်။ ခြံက ဒီနှစ်ပိုက်ဆံသုံးပြီးရင် နောက်နှစ်ပြန်သီး တယ်။ ပိုက်ဆံက ဥပမာ တစ်ထောင်လာလျော်ပေးရင် တစ်နှစ်တစ်နှစ် သုံးသွားရင် ကုန်တာပဲ။ ပြန်မရဘူးလေ။ ဒါကြောင့်မို့လို့ ပိုက်ဆံဘယ်လောက်ပဲ လျော်ပေးလျော်ပေး ဘယ်လောက် ကောင်းကောင်းလာလုပ်ပေးရင် လည်း မလိုလားဘူး။ အခုအတိုင်းပဲ နေချင်တာပဲ။” (တာလုံဒေသခံ)

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။