ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၅ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ် ပတ်မှာတော့ အကြီးစား ကျောက်မျက် တူးဖော်ထုတ်လုပ်မှုတွေကို ပိတ်ပင်လိုက်တဲ့ မြန်မာ့ကျောက် မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အခုလို အတည်ပြုလိုက်ပေမယ့်လည်း အရင် ကျောက်မျက်ဥပဒေကို အစိုးရအဆက်ဆက်က တိတိကျကျ ဖော်ဆောင်အရေးယူတာတွေ မရှိခဲ့တဲ့အတွက် ဥပဒေသစ်အပေါ်မှာ သိပ်ပြီးမှ များများစားစား မျှော်လင့်မထားကြဘူးလို့ ပြောကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီခေါင်းဆောင်များ၊ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်သူတွေကို တွေ့ဆုံမေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။