ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၄ )
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မတည်ဆောက်နိုင်ပါက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမှာဖြစ်ပြီး စစ်ဘေး ရှောင် တွေဆိုတာ ရှိနေအုံးမှာပါ။ စစ်ဘေးရှောင်တွေဟာ စစ်ရှောင်စခန်းတွေမှာ နေရတာ အချိန်ကြာလာတာနဲ့ အမျှ ရိက္ခာအခက်အခဲအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုနဲ့ အခြား ပူပန်မှုမျိုးစုံကို ခံးစားနေရတယ်လို့ ဆိုကြ ပါတယ်။ ဒီတစ်ပတ်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ထိန်းချုပ်မှုနယ်မြေထဲမှာ ရှိနေတဲ့ နယ်စပ်တလျှောက်က စစ်ဘေးရှောင်တွေဟာ ဆန်ရိက္ခာအခက်အခဲဖြစ်တဲ့အတွက် လူဦးရေ ၇၀၀၀၀ ကျော်က ဆန်ပြတ်လပ်တဲ့ အနေအထားရောက်တယ်လို့ ပြောကြပါတယ်။ ဒီအခြေအနေတွေကို စစ်ေဘေးရှောင်စခန်းက တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းကခေါင်းဆောင်တွေနဲ့ စစ်ဘေးရှောင်တွေကို တွေ့ဆုံမေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။