တိုင်းရင်းသား ဘာသာအစီအစဉ် ( မြန်မာဘာသာ)  ၆ – ၁ – ၂၀၁၉ ။

ရှမ်းပြည်နယ်မှာတော့ ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့အတွက် မိုးနဲမြို့ကို သမိုင်းဝင်မြို့နဲ့ ခရီးသွားမြို့အဖြစ် သတ်မှတ်ပေးဖို့ စီမံကိန်းရှိ/မရှိ မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကြားမှာရှိတဲ့ အတ္ထရံတံတားနဲ့ ဂျိုင်းတံတားကို လာမယ့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ အသစ်ထပ်မံတည်ဆောက်သွားမယ်လို့  ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက မာန်အောင်မြို့ဟာ သီးခြားကျွန်းမြို့ဖြစ်ပြီး မဟာဓါတ်အားလိုင်းကနေ လျှပ်စစ်မီး ၂၄ နာရီပေးဖို့ အခက်တွေ့နေတာကြောင့် ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေလုပ်ဆောင်ပေးဖို့ လိုနေပါသလဲ။