တိုင်းရင်းသား ဘာသာအစီအစဉ် ( မြန်မာဘာသာ) ၁၃ – ၁ – ၂၀၁၉ ။

ရှမ်းပြည်နယ်မှာတော့ မြောက်ပိုင်းမဟာမိတ်တပ်နဲ့ ရှမ်းတပ်RCSS တို့ စစ်ရေးတင်းမာမှုကြောင့် နမ္မတူမြို့နယ်ထဲက ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာရပြီး ဘုန်းကြီးကျောင်းတွေမှာလာရောက်ခိုလှုံနေကြရတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေလို့ စစ်ဘေးရှောင် ပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးလာကြရာ ပြီးခဲ့တဲ့ အပတ်ထဲမှာဆိုရင် စစ်ဘေးရှောင်ဒုက္ခသည် ၃ ထောင်ထက်မနည်း ရှိသွားပြီးလို့ သိရပါတယ်။

မွန်လူမျိုးတွေရဲ့ နေ့ထူးနေ့မြတ် နေ့ရက်အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပနေတဲ့ မွန်အမျိုးသားနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ မွန်လူငယ် များနေ့မှာ လူငယ်တွေက တောင်းဆိုထားကြပါတယ်။