ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၆ )

ငိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားအုပ်စုတွေ အကြားမှာ ဆက်ဖြစ်နေတဲ့ စစ်နည်းဗျူဟာအတွက် စစ်တလင်းဖြစ်လာနေတာကတော့ လူမှုကွန်ရက် စာမျက်နှာ လူမှုမီဒီယာ ဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေဟာ ဘာကြောင့်ဖြစ်ပေါ်လာရတာလဲ၊ ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်သလဲဆိုတာကို ဒေသခံတွေ၊ လက်နက်ကိုင် အဖွဲ့တွေ၊ မီဒီယာသမားများနှင့် တိုင်းရင်းသားအရေး လုပ်ဆောင်သူများကို မေးမြန်းထားပြီး ဒီတစ်ပတ် အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။