ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၇ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံက တိုင်းရင်းသားပြည်သူတွေဟာ သူတို့ရဲ့ စာပေ၊ ဘာသာစကားတွေကို တွင်တွင်ကျယ် ကျယ် အသုံးပြုခွင့်မရကြဘူးလို့ဆိုကြပါတယ်။ တိုင်းရင်းသားစာပေသင်ကြားခွင့်မရတာ၊ ဗမာစကား စာပေကိုပဲ ရုံးသုံးကျောင်းသုံးပြုလုပ်ထားတာ၊ တိုင်းရင်းသားတွေရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ် းတွေ၊ သမိုင်းဝင်ပစ္စည်းတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီးခံခဲ့ရတာ ဆယ်စုနှစ်ပေါင်းချီခဲ့ပြီလို့ တိုင်းရင်းသားခေါင်း ဆောင်တွေက ပြောကြပါတယ်။ လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ တိုင်းရင်းသားစာပေ သင်ကြားခွင့်ပြု ထားတယ်ဆိုပေမယ့် ထိရောက်တဲ့ အသိအမှတ်ပြုမှုမျိုး မရရှိသေးတဲ့အတွက် အားနည်းမှုတွေ အများကြီးရှိနေ ဆဲပါလို့ ထောက်ပြနေကြပါတယ်။ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီက တာဝန်ရှိသူ များကို တွေ့ ဆုံမေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။