ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၈ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ဆိုရင်တော့ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ဖို့ က အဓိကဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးငြိမ်းဖို့ အားလုံးက လိုလားနေကြတာပါ။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကနေ ဒီနေ့အချိန်ထိ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေကြပါတယ်။ ဆွေးနွေးရင်းနဲ့ တိုက်ပွဲတွေကလည်း ရှိနေစဲပါ။ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆက် ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။