ရက္ခိုင့်တပ်မတော် AA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ နှင့် မေးမြန်းချက်။ ၁၉ -၀၁-၂၀၁၉ ။

ဇန်နဝါရီလ (၁၈) ရက်နေ့က တပ်မတော်မှ သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်မတော် AA အား ပြတ်ပြတ် သားသား တိုက်ခိုက်ချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ညွှန်ကြားထားကြောင်း တပ်မတော်က ပြောဆိုခဲ့သည်။ ၎င်းပြောဆိုချက်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော် AA ၏ သဘောထားက ဘယ်လိုရှိပါ သလဲ။ AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ ကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ် မေးမြန်း ထားပါသည်။