ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၉ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ နှစ်ပေါင်းမြောက်များစွာ သေနတ်သံတွေ တိတ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဘာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားလာရတာလဲ။ တိုက်ပွဲတွေကြောင့် လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အခက်အခဲဖြစ်စေပါသလား။ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အဆုံးသတ်နိုင်ဖို့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာတွေလုပ်ဆောင်ဖို့ လိုသလဲဆိုတဲ့ အကြောင်းတွေကို ဒီတစ်ပတ် အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၈း၄၅ မှာ Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။