တိုင်းရင်းသား ဘာသာအစီအစဉ် ( မြန်မာဘာသာ) ၂၇ – ၁ – ၂၀၁၉ ။

ရှမ်းပြည်နယ်က နမ္မတူမြို့နယ်မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည် သူတွေဟာ ၂ နှစ်ကျော်ပြီဖြစ်ပေမဲ့  တိုက်ပွဲတွေ ရှိနေသေးတာကြောင့် ကိုယ့်နေ ရပ်ကို မပြန်နိုင်ကြသေးပါဘူး။

ရခိုင်ပြည်နယ်မှာတော့ ဒေါက်တာအေးမောင်တို့ရင်ဆိုင်နေရတဲ့အမှုဟာ တဖြည်း ဖြည်းနဲ့ အဆိုးဘက်ကို ဦးတည်လာနေတယ်လို့ အမှုရင်ဆိုင်နေရသူတွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာအဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ကချင်စေတနာ့ဝန်ထမ်းဆရာမ၂ဦးအမှုဟာ၄နှစ်ပြည့်ခဲ့ပေမဲ့ အခုအချိန်ထိ တရားမျှတမှုကိုတော့မရသေးဘူးလို့ ပြောပါတယ်။