တိုင်းရင်းသား ဘာသာအစီအစဉ် ( မြန်မာဘာသာ) ၂၄ – ၂ – ၂၀၁၉ ။
ရှမ်းပြည်နယ်မြောက်ပိုင်း ပန်လုံ KBC စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ မြေလွတ် မြေလပ် မြေရိုင်း ဥပဒေအပြင် ဒေသတွင်းလုပ်ဆောင်မယ့် ရထားလမ်းနဲ့ ကားလမ်းဖောက်လုပ်မယ့် အစီအစဉ်တွေကြောင့် နေရပ်ပြန်ချင်သော်လည်း ဒီနေ့ အချိန်ထိ မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာတော့ တိုက်ပွဲအတွင်း ပိတ်မိပြည်သူလွတ်မြောက်ရေး ဆန္ဒပြရာမှာ ဦးဆောင်ခဲ့လို့ ထောင်ချခံနေရတဲ့ ခေါင်းဆောင် ၃ ဦးကို WKC က လူ့အခွင့်အရေးဆု MUSHE ကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီအနေနနဲ့ NCA လက်မှတ်ရေးထိုးခဲ့တာ တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တစ်ဆို့မှုတွေရှိနေသေးတယ်လို့ ပြောပါတယ်။