PPST အစည်းအဝေးကျင်းပ ( သတင်းဓာတ်ပုံ )
သတင်းနှင့်မီဒီယာကွန်ရက်၊
၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်။
NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိသည်။
အစည်းအဝေး ကို မတ်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး NCA အပစ်ရပ် ထားသည့် အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်နေသည်။
၎င်းအစည်းအဝေးတွင် PPST ၏ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးကို အပြောင်းအလဲ ပြုလုပ်သွားမည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုကး အစည်းအဝေး ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။
သို့သော် ခေါင်းဆောင်အပြောင်းအလဲ ကိစ္စကို ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပြီးနောက် အစည်းအဝေး နောက်ဆုံးရက်တွင် ဆွေးနွေးပြီး ဆုံးဖြတ်သွားမည်ဟုလည်း သိရသည်။
ခေါင်းဆောင်မှု အပြောင်းအလဲနှင့် ပတ်သက်၍ တရားဝင်ရွေးချယ်တင်မြောက် ပြောင်းလဲခြင်း မရှိသေးသော် လည်း ထွက်ပေါ်နေသည့် သတင်းများအရ KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး နေရာတွင် အထွေထွေအ တွင်းရေးမှူး ပဒို စောတာဒိုမူး နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် နေရာတွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပေါင်ခေး တို့ကို ပြောင်းလဲမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိ NCA-s EAO အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ RCSS ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ် ဦး ABSDF၊ ပအို့အမျိုး သား လွတ် မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး LDU အဖွဲ့များ ပါဝင်ကြသည်။
းရေးမှူး ပဒို စောတာဒိုမူး နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် နေရာတွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပေါင်ခေး တို့ကို ပြောင်းလဲမည်ဟု သတင်းများ ထွက်ပေါ်နေသည်။