ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း (၁၁)
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ နှစ်ပေါင်း (၇၀) ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အနိဋ္ဌာရုံ၊ စစ်ရေးပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာတိမ်းရှောင်သူ (IDPs) တွေနဲ့ စစ်ပြေး ဒုက္ခသည်များ (Refugees) တို့ဟာ ဒီနေ့အချိန်ထိ နေရပ်ရင်း ပြန်နိုင်ရေးအပြင် အခက်အခဲအမျိုးမျိုးကြုံနေကြရပါတယ်။ နယ်စပ်ဒေသတလျှောက်က IDPs နဲ့ Refugees တွေ နေရပ်ရင်းမပြန်နိုင်သေးသလို ကချင်ပြည်နယ်က တကျော့ပြန်စစ်ပွဲတွေနဲ့ NCA ထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ပွဲတွေကြောင့် ထပ်တိုးစစ်ရှောင်တွေလည်း အများအပြားရှိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ အခက်အခဲ၊ လိုအပ်ချက်တွေကဘာလဲ၊ သူတို့တွေရဲ့ သဘောထားတွေက ဘယ်လိုရှိပါသလဲ စတဲ့အ ကြောင်းတွေကို ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ (အစီအစဉ်အသစ်) ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။