ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း( ၁၀ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ တော့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေမှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့အတူ လွတ်လပ်တဲ့ တရားစီ ရင်မှုကို တိုင်းသူပြည်သားတွေ ခံစားကြရပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းနေပြီ ဖော်ဆောင် နေပြီလို့ ပြောနေတဲ့ မြန်မာနိုင်ငံမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ တရားမျှတတဲ့ တရားစီရင်မှု တွေကတော့ ဆုံးရှုံးနေဆဲပဲဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး NLD အစိုးရလက် ထက်မှာ အများကြီးမျော်လင့်ခဲ့ကြပေမယ့် အရင်အစိုးရလက်ထက်တွေကထက် ပိုပြီးဆိုးရွားနေတယ်လို့ ဆိုပါတယ်။ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့တွေ နှင့် တက်ကြွလှုပ်ရှားသူများကို မေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး
အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ (အစီအစဉ်အသစ်) ကို Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။