တိုင်းရင်းသားဘာသာသတင်းအစီအစဉ် ( မြန်မာဘာသာ) ၅ – ၄ – ၂၀၁၉ ။
 
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေရပ်တန့်ဖို့ အဖွဲ့ထူထောင်ခြင်း နှစ် ၂၀ ပြည့် နေ့မှာ တောင်းဆိုလိုက်ပါတယ်။
 
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အခုနှစ် စစ်တွေမြို့နယ်က သြင်္ကန်မဏ္ဍာပ်တချို့ကို ပြုလုပ်ဖို့အစီအစဉ် ဖျက်သိမ်းလိုက်ပါတယ်။
 
ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ မှာ ပြည်တွင်းက ကျောင်းသားလူငယ် ၇၀ ကျော်ကနေ ကျောင်းသားလူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ပြည်နယ်အာဏာပိုင်တွေက ကန့်ကွက်ခဲ့ပါတယ်။