ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၁၅ )
ထားဝယ်ဒေသ လောင်းလုံမြို့ နယ်အတွင်းမှာရှိတဲ့ ကမ်းခြေတွေနဲ့ ကျွန်းတွေမှာ ကုမ္ပဏီ တချို့ က ဟိုတယ်နဲ့ အပန်းဖြေ စခန်းဆောက်လုပ်ဖို့အတွက် မြေလွတ် မြေလတ်နှင့် မြေရိုင်း ဥပဒေအရ လုပ်ကိုင်ခွင့် လျှောက်ထား တဲ့အပေါ် ဒေသခံထားဝယ်တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက စိုးရိမ်နေ ကြပါတယ်။
“ဒီကျွန်းတွေကို ကိုယ့်အဖေအမေနဲ့ အတူတူထားပြီးချစ်တာ၊ ဘယ်လိုပြောရမလဲဆိုတော့ ကျနော်တို့ ငယ်ငယ် လေးကတည်းက လုပ်စားလာတာ ပိုက်ဆံကိုမသုံးပဲနဲ့ အိတ်နဲ့ထည့်ထားမယ်ဆိုရင် သိန်းတစ်ရာလည်း မဟုတ် ဘူး၊ သိန်းတစ်ထောင်လည်းမဟုတ်ဘူး။ သန်းတစ်ထောင်လည်းမဟုတ်ဘူး။ အဲ့ဒီထက်မြောက်များစွာဖြစ်သွား ပြီ။ အခုသူတို့က သိန်းပေါင်းတစ်သောင်းနဲ့ လာပေးမယ်၊ ကျနော်တို့က ရောင်းလိုက်တယ်၊ အဲ့တစ်သောင်းက အပိုမရှိလာတော့ဘူး။ တစ်သောင်းပဲ ကျနော်တို့က မြင်ရမှာ၊ ကျနော်တို့လုပ်စားနေတာက မသေခင်တော့ တစ်သောင်းကျော်ရင်ကျော်သွားမယ်၊ အဲ့လိုအယူအဆဲနဲ့ အလုပ်လုပ်ပြီး နေထိုင်စားသောက်နေတာ” ဦးရွှေမင်း ဒေသခံ ရေလုပ်သား
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။