တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် ( မြန်မာဘာသာ) ၂၆ – ၄ – ၂၀၁၉။
အရေးကြုံလာရင် ‘ဝ’ ပြည်သူတစ်ရပ်လုံးဟာ ‘ဝ’ ဒေသတစ်ခုလုံးကို ကာကွယ်ဖို့ အားလုံး ‘ဝ’ စစ်သားတွေဖြစ်တယ်လို့ UWSP ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အန်း က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ကယားပြည်နယ်အတွက် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးရရှိဖို့ ၁၉ ကြိမ်မြောက် ကယန်းအမျိုးသားနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
“ဝ”တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် “ဝ” ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ UWSA “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော်က တောင်းဆိုလိုက်တဲ့အပေါ် တခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ခေါင်းဆောင်တချို့က ဘယ်လိုမြင်ကြပါသလဲ။