မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့နဲ့ NRPC တွေ့ဆုံ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
မြောက်ပိုင်း စစ်ရေး မဟာမိတ် ၄ ဖွဲ့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိ့တွင် ဧပြီလ ၃၀ ရက် ယနေ့တွင် တွေ့ဆုံဆွေးနွေးနေကြသည်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် Bilateral အပစ်ရပ်နိုင်ရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးကြမည်ဟု သိရသည်။
မြောက်ပိုင်းစစ်ရေး မဟာမိတ်အဖွဲ့အနေဖြင့် တစ်ဖွဲ့ခြင်းစီ ဆွေးနွေးသွားမည်မဟုတ်ပဲ အဖွဲ့လိုက်စုစည်းမှုအနေအထားဖြင့်သာ Bilateral အပစ်ရပ်နိုင်ရေးကိစ္စများကို ဆွေးနွေးသွားမည်ဟု မြောက်ပိုင်း စစ်ရေး မဟာမိတ် ခေါင်းဆောင်များက ပြောသည်။
ဆွေးနွေးပွဲသို့ မြောက်ပိုင်း စစ်ရေးမာဟာမိတ်အဖွဲ့ က KIO/KIA မှ ဦးလနန်ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ PSLF/ TNLA မှ ဗိုလ်မှူးချုပ် တားဘုန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်များULA/AA က ဒေါက်တာ ညိုထွန်းအောင်ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် MNTJP/MNDAA ကိုးကန့်အဖွဲ့မှ ကိုယ်စားလှယ်တို့ တက်ရောက်လာကြပြီး NRPC မှ ဒု-ဥက္ကဌ ဦးသိန်းဇော် နှင့်အတူ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေးတို့ တက်ရောက်ဆွေးနွေးနေကြသည်။
မြောက်ပိုင်းစစ်ရေး မဟာမိတ်အဖွဲ့ဝင် ULA/AA၊ KIO/KIA၊ PSLF/TNLA၊ MNTJP/MNDAA တို့ပါဝင်သည်။