တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (မြန်မာဘာသာ) ၂-၅-၂၀၁၉
ကယားပြည်နယ်မှာတော့ တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာမှာ စိုက်ပျိုးခွင့်ရဖို့အတွက် ဒေါဆိုရှေ့တောင်သူတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) အဖွဲ့ဝင် အဖွဲ့အစည်းတွေဟာ ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ WLB က ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်ရမှသာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ခွင့်ရမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်တဲ့အခါ အခက်အခဲဖြစ်နေရတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။