တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် (မြန်မာဘာသာ) ၉ -၅ -၂၀၁၉
ကရင်ပြည်နယ်မှာ ဧပြီလကစပြီး ရာသီဥတုပူပြင်းတဲ့အတွက်ကျေးရွာတွေမှာ ရေတွေခန်းခြောက်လာလို့ သောက်သုံးရေရှားပါးမှုတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ တော်ခူအုပ်စုမှာ ကလေးတွေရဲ့ ပညာရေးအ တွက် အလယ်တန်းကျောင်းတစ်ကျောင်း ရရှိဖို့ တောင်းဆိုနေကြပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ကျေးရွာစာသင်ကျောင်းထဲမှာ တပ်မတော်က ဖမ်းဆီးစစ် ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားတာကြောင့် ရွာသား ၆ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။