တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၁၇ – ၅ – ၂၀၁၉ ။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ကနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အထိမခံပဲ ဖြစ်နေတာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးဟာ အလှမ်းကွာဝေးနေဆဲဖြစ်တယ်လို့ ဗိုလ်ချူပ်ကြီးယွက်စစ် က ပြောဆို လိုက်ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲထားတာဟာ ရခိုင်ပြည်သူတွေကို သတင်းဖြတ်တောက် ရာရောက်သလို ရခိုင်ပြည်နယ်က သတင်းသမားအားလုံးကို ခြိမ်းခြောက် လိုက်တာလို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့်၈နှစ်ကြာပိတ်ထားခဲ့ရတဲ့ ဝိုင်မော်မြို့နယ်က အခြေခံပညာအလယ်တန်းအဆင့်ထိရှိတဲ့ စာသင်ကျောင်းကို အခုနှစ်ကစပြီး  ပြန်လည်ဖွင့်လှစ်တော့မယ်လို့  ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။