တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( ၃၁-၅-၂၀၁၉ )
 
ရခိုင်ပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသားတွေကို နီးစပ်ရာကျောင်းတွေမှာ ကျောင်းတက်နိုင်ရေး စီစဉ် ပေးမယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာတော့ ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲဆိုထားပြီး လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

ကရင်ပြည်နယ်မှာတော့ မေလ ၁၇ ရက်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA-ခွဲထွက်)အဖွဲ့နဲ့ နယ်ခြားစောင့်တပ် (BGF) တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။