ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂၁ )
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မကြာသေးခင်က ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ်သုံးဆယ်ပြည့်သွားတဲ့ UWSP/UWSA ‘ဝ’ ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အမြင်သဘောထားကို ပြောပြပေးသွား မှာပါ။ နှစ် ၃၀ အတွင်း ၀ ဒေသရဲ့ တိုးတက်ပြောင်းလဲမှုတွေက ဘာလဲ။ ပြည်နယ် ရရှိထားတဲ့ အခြား တိုင်းရင်း သား တွေထက် ၀ အထူးဒေသရဲ့ ထူးခြားချက်က ဘာလဲ စတဲ့အကြောင်းတွေကို ၀ ခေါင်းဆောင်တွေ၊ တက် ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လေ့လာသုံးသပ်သူတွေနဲ့ ဒေသခံများကို မေးမြန်းပြီး ဒီတစ်ပတ် အစီအစဉ်က တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅
တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။