ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂၂ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ UWSP/UWSA ‘ဝ’ ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ်သုံးဆယ်ပြည့် အခမ်းအနားတွင် ဥက္ကဋ္ဌ ပေါက်ယူချန်းမှ ‘ဝ’ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကတော့ တခြားတိုင်းရင်သားတွေနည်းတူ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှမှုရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ‘ဝ’ ပြည်နယ် ရရှိရေးကသာ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ရင်း ငြိမ်းချမ်းရေး ဒီမိုကရေစီ အလံကို လွှင့်ထူပြီး လက်ရှိ အခြေအနေတွေကို ဆက်လက်စောင့်ထိန်း သွားမှာဖြစ်တယ်လို့ နှစ် ၃၀ ပြည့် အခမ်းအနားနေ့က မိန့်ခွန်းထဲမှာ ပြောဆိုခဲ့တာပါ။ ၀ ပြည်နယ် တောင်းဆိုမှုအပေါ် တိုင်းရင်းသားခေါင်းဆောင် တစ်ချို့ရဲ့ အမြင်သဘောထားအပြင် ၀ ခေါင်းဆောင်တွေနှင့် ပွဲတက်ရောက်လာကြသူတွေရဲ့ သဘောထားကို မေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆကပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။