ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂၃ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာရှိတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး လေးကေကော်မြို့သစ်ကို တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီမြို့သစ်မှာ နေထိုင်ကြတဲ့ သူတွေကတော့ ဒုက္ခသည်စခန်းနှင့် KNU တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ရွေ့ပြောင်း အလုပ်သမား မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒီမြို့သစ်လေးဟာ မြို့သစ်ကြင်အင်လက္ခဏာတွေနဲ့ တစ်ဖြည်းဖြည်း ပြည့်စုံလာပေမယ့် ဒီမြို့သစ်ကို ရွေ့ပြောင်းလာသူတွေ့တော့ အခက်အခဲတွေရှိနေဆဲလို့ ဆိုကြပါတယ်။ ဒီမြို့သစ်လေးကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခက်အခဲက ဘာတွေလဲ။ သူတို့အတွက် အဓိက စိန်ခေါ်မှုတွေကဘာလဲ။ မြို့သစ်တာဝန်ရှိသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မေးမြန်းထားပြီး ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။