ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂၄ )
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှုအခြေအနေကို ပြောပြသွားမှာပါ။ လက်ရှိ ကုန်သွယ်မှု အခြေအနေက ဘယ်လိုရှိနေပါသလဲ၊ တရုတ်အစိုးရရဲ့ တင်းကြပ်လာတဲ့ သွင်းကုန်ထုတ်ကုန် ဥပဒေက ကုန်သယ်တွေကို ဘယ်လိုအခက်အခဲတွေဖြစ်စေပါသလဲ။ ကုန်သယ်တွေနဲ့ တရုတ်-မြန်မာ နယ်စပ်က တာဝန်ရှိသူများကို မေးမြန်းထားပြီး ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။