ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂၅ )
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းနေမှုတွေ ဆက်တိုက်လုပ်နေကြသလို တချိန်တည်းမှာပဲ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုတွေလည်း ရှိပါတယ်။ စစ်ရှောင်တွေကလည်း နေရပ်ရင်းပြန်လည်နေထိုင်ချင်နေကြသလို တဖက်မှာလည်း ပြန်ဖို့ရာမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်လို့ ဆိုကြပါတယ်။ သူတို့အတွက် စိန်ခေါ်မှုကဘာတွေလဲ၊စတဲ့အကြောင်းတွေကို စစ်ဘေးရှောင်တွေ၊စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်သူများကို မေးမြန်းထားပြီး ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ
Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။