ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၂၆ )

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြားက ပဋိပက္ခတွေကြောင့် အပြစ်မဲ့ပြည် သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ လူဦးရေ ၄၀၀၀၀ ကျော်က စစ်ဘေးရှောင် ယာယီစ ခန်းတွေမှာ နေထိုင်နေကြရပါတယ်။ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေ၊ အသက်ဆုံးရှုံးသွားတာတွေ၊ မိုင်းနင်းမိတာတွေအပြင် ဖမ်းဆီး စစ်ဆေးခံနေရသူတွေလည်း အများအပြားရှိနေပါပြီ။ လက်ရှိမှာ စစ်မျက် နှာပြင်လည်း ပိုမိုကျယ်ပြန့်လာနေပြီး ပြည်သူတွေ ပိုမိုဒုက္ခရောက်လာတဲ့အတွက် နှစ်ဖက် လက်နက်ကိုင်များ အနေနဲ့ စားပွဲဝိုင်းပေါ်တွင် အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ စတဲ့အကြောင်းအရာတွေကို ဒီတစ်ပတ်အစီအစဉ်က တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅
တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။