ကချင်ပြည်နယ် ဆဒုံးရှိ စစ်ရှောင်ကလေးငယ်များ မိုးကာအင်္ကျ ီများ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန် ၂၈ ရက်။
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ရှိ မှတ်တိုင် အမှတ် ၆၊ ၈ ရှိ စစ်ဘေးရှောင်စခန်းမှ ကျောင်း သူ/ကျောင်းသားများအတွက် မိုးကာအင်္ကျီတွေ အကူအညီ လိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ရှောင်စခန်းမှ ကလေးငယ်များ
မှတ်တိုင် အမှတ် ၆၊ ၈ စစ်ဘေးရှောင်စခန်းသည် တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိနေပြီး လမ်းပန်း ဆက်သွယ်ရေး အလွန်ခက်ခဲကာ ရာသီဥတု ဆိုးရွားသည့် နေရာများဖြစ်သည်။
တရုတ်-မြန်မာ နယ်စပ်မှတ်တိုင်အနီးမှ စစ်ရှောင်စခန်း
မိုးတွင်းကာလတွင် မိုးများသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ ဆောင်းရာသီတွင်လည်း နှင်းများ၊ မြူများ အချိန်ပြည့်ကျကာ ရေခဲသည်အထိ အေးခဲသည့် ဒေသဖြစ်သည်။
မြူနှင်းကြားက စစ်ရှောင်စခန်း
စစ်ရှောင်စခန်းမှ ကျောင်းသွားကြသော ကလေးငယ်များ
“ဒီဒေသက မိုးဘဲရွာတာမဟုတ်ဘူး။ လေအရမ်းတိုက်တော့ ကျောင်းသားတွေ ကျောင်းရောက်ပြီဆိုရင် ဘောင်းဘီ၊ အင်္ကျီတွေ စိုကုန်၊ ချမ်းကလည်းချမ်း၊ စာအုပ်တွေလည်း အကုန်စိုသွားတယ်၊ လေအရမ်းတိုက်တော့ ထီးတွေလည်း ခဏဆို ပျက်သွားပြီ။ ဒါကြောင့် ဖြစ်နိုင်ရင် မိုးကာအင်္ကျီလေးတွေ ကူညီပေးချင်တယ်” ဟု မူလတန်း ပြ ဆရာမ ဒေါ်ဘောက်မိုင်က ပြောသည်။
ကျောင်းသွားခရီး
အဆိုပါ စစ်ရှောင်စခန်းတွင် ခိုလှုံနေထိုင်နေကြရသည်မှာ (၈) နှစ် ရှိပြီဖြစ်သည်။
အဆိုပါ စစ်ရှောင်စခန်းမှာ အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သည့် တကျော့ပြန် စစ်ပွဲများကြောင့် နေရပ်ရင်းကို စွန့်ခွာကာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များ၏ ခိုလှုံရာနေရာ ဖြစ်သည်။
စာသင်ကျောင်းရောက် ကလေးငယ်များ
အဆိုပါဒေသတွင် နေထိုင်နေရသည်မှာ (၈) နှစ်ပြည့်ပြီဖြစ်သော်လည်း မိမိတို့၏ မူရင်း နေရပ်ပြန်နိုင်ရေး အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင်စခန်းအတွင်း ကလေးငယ်များ
ကလေးများသည်လည်း အိမ်ပြန်ရန် လမ်းမမြင်နိုင်ကြသေးပေ။