ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၂၉ )
စစ်ဘေးဒုက္ခသည် Refugee တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာနေရတဲ့ IDPs တွေဟာ ငြိမ်းချမ်းရေး လုပ် ငန်းစတင်စဉ်ကာလကစလို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ဒုက္ခသည် စခန်းတွေထဲ ဆက်နေဖို့ကလည်း ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲတွေရှိနေသလို နေရပ်ရင်း ပြန်မယ်ဆိုလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ စစ်ဘေးဒုက္ခသည်တွေအရေး ချန်ထားတာမျိုး၊ လစ်လျူရှုထား တာမျိုးဆိုရင် ငြိမ်းချမ်းရေးကို နှောက်နှေးစေမှာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကိစ္စရပ်မှာ လည်း ပြည်တွင်းနေရပ်စွန့်ခွာသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအရေး မူဝါဒတွေ စနစ်တကျချမှတ်အကောင်အ ထည်ဖော်ဖို့လိုအပ်သလို လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ မူဝါဒတွေလည်း မူဝါဒတွေ ပေါ်လ စီတွေ ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ဒုက္ခသည်အရေး လုပ်ဆောင်နေသူတွေက ထောက် ပြနေကြပါတယ်။