ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၃၁)
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အထူးဒေသက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိအောင် ကြိုးပမ်းသွားမယ်ဆိုတဲ့ ရည်မှန်းချက်တော့ PSC/NDAA မိုင်းလား ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်ပါတယ်။ နှစ် (၃၀) တိုင် ပစ်ခတ်တိုက်ခိုက်မှု မရှိပဲ တည်ငြိမ်အေးချမ်းမှုကို ထိန်းထားနိုင်ခဲ့ပေမယ့် နိုင်ငံတော် အစိုးရက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက် NCA မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ တိုက်တွန်းထားပါတယ်။ တခြားတိုင်းရင်းသားတွေကတော့ မိုင်းလားကို အားကျနေကြပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားနေတဲ့ နိုင်ငံလို့ ဆိုပေမယ့် တိုင်းရင်းသား ဒေသတွေမှာ အထူးဒေသ (၄) မိုင်းလားပုံစံမျိုး ကိုယ်ပိုင်စီမံခန့်ခွဲခွင့်၊ တန်းတူ အခွင့်အရေးတွေ မရရှိပဲ အားလုံးကို ဗဟို အစိုးရကပဲ ချုပ်ကိုင်ထားတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြော ပါတယ်။ တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် တည်ဆောက်ရေးအတွက် ဘာတွေက တစ်ဆို့မှုဖြစ်စေတာလဲ၊ တခြား တိုင်းရင်းသားတွေက ဘာလို့ မိုင်းလား နဲ့ “ဝ” လို အနေအထားတွေကို အားကျ နေရတာလဲ ဆိုတာကိုတင်ဆက်ပေးသွားမှာပါ။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို
တနလာၤနေ့ မနက် – ၉း၄၅၊
ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅
ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။