ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်အစီအစဉ် အပိုင်း (၃၃)

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် သမ္မတဖြစ်လာပြီးနောက် သိမ်းဆည်းခံထားရတဲ့ တောင်သူတွေရဲ့ မြေယာတွေကို ပြန်လည်ပေးအပ်နိုင်ဖို့ အရှိန်မြင့် လုပ်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် တပ်သိမ်းမြေကိစ္စနဲ့ ပတ်သက် ပြီး ဒေသခံတောင်သူတွေနဲ့ နယ်မြေခံတပ်တို့အကြား လုံလောက်တဲ့ ပြေလည်မှု တစ်စုံတစ်ရာ မရရှိသေးပဲ နှစ်ဖက်တင်းမာမှုကတော့ ရှိနေဆဲလို့ဆိုကြပါတယ်။ လက်ရှိကယားပြည်နယ်အပြင် အခြားပြည်နယ် အသီးသီးမှာ ဖြစ်ပွားနေတဲ့ တပ်သိမ်းမြေပြသာနာတွေဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကို အဟန့်အတား ဖြစ်စေရုံသာမက ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာလည်း တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဒီမြေယာပြဿနာတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဘယ်လိုဆက်စပ်နေပါသလဲ။ ပြဿနာ ဖြစ်တည်လာရတဲ့ အဓိကအရင်းခံ အကြောင်းအရင်းကဘာလဲ၊ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲဆိုတာကို ဒီတစ်ပတ်အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။