ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်အပိုင်း (၃၄)
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကို အပတ်စဉ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တိုင်းရင်းသား ပြည်နယ်တွေမှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ရုပ်ထု နှင့် အခြားရိုးရာ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ အမှတ်သ င်္ကေတတွေကို တည်ဆောက်မယ်ဆိုရင် ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရအပြင် စစ်တပ်ကပါ လိုက်လံပိတ်ပင်ထားမြစ်နေတာကို တွေ့ရပေမယ့် တစ်ဖက်မှတော့ NLD အစိုးရ တက်လာချိန်ကစလို့ တိုင်းနှင့် ပြည်နယ်ဒေသအသီးသီးမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်လာခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ကယား(ကရင်နီ) ပြည်နယ် အတွင်းမှာလည်း ဒေသခံပြည်သူတွေ တောက်လျှောက်ကန့်ကွက်နေတဲ့ကြားက ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ကို တည်ဆောက်ခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ပြည်နယ် အစိုးရအကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အခုလို အစိုးရအနေနဲ့ လုပ်ဆောင်တာဟာ တိုင်းရင်းသားပြည်သူတွေရဲ့ အမှတ်သင်္ကေတတွေကို ဦးစားပေး ခြင်းမရှိတဲ့အပြင် မဟာလူ မျိုးကြီးဝါဒဆီကို ဦးတည်နေတာလား ဆိုတဲ့ မေးခွန်းတွေကလည်း တိုင်းရင်းသားတွေဘက်က ရှိလာနေပါ တယ်။ အစိုးရဖက်က ဒီလိုလုပ်ဆောင်နေတဲ့အပေါ် တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ သဘောထားတွေကဘာလဲ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ကြွေးကြော်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဘာကြောင့် ဒီလိုပြဿနာတွေ ဖြစ်လာနေရတာလဲ စတာတွေကို ဒီတစ်ပတ် အစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေးနေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။