တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( မြန်မာဘာသာ) ၁၂ – ၈ – ၂၀၁၉ ။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကျွမ်းကျင် နှစ်သက်ရာလုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့်ရရှိဖို့နဲ့ တိကျရှင်းလင်းတဲ့ ဥပဒေ ထုတ်ပြန်ပေးဖို့အတွက် ထိုင်းနိင်ငံ ချင်းမိုင်မြို့မှာ တောင်းဆို ခဲ့ကြပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ကို  ရုံးပိုင်းဆိုင်ရာ နဲ့ ဌာနဆိုင်ရာ လုပ်ငန်း တစ်ချို့ ခေတ္တယာယီ ရပ်ဆိုင်းထားလိုက် တယ်လို့ UNFC က  ပြောပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ မိန်ဗလာတောင်ကို တရားဝင်ခွင့်ပြုချက် မပြနိုင်ဘဲ ကုမ္ပဏီတစ်ခုက ပြန်လည်တူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။